Black & White

Category: ,

အဖြူနဲ့အမည်းဆိုလို့ လူဖြူလူမည်း အကြောင်းလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နီးပါးက ထွက်ခဲ့တဲ့ ဂီတပွဲတော်အခွေထဲက ဟေမာနေ၀င်းသီဆိုခဲ့တဲ့ ကိုယ်ကအဖြူဆို သူက အမည်း၊ ဒီအဖြေလေးက ရှင်းနေသားပဲ သီချင်းစာသားနဲ့များ ပတ်သက်နေမလားလို့ အတွေးရောက်ချင် ရောက်သွားနိုင်ပါတယ်။ တကယ်တော့ ကာလာကင်မရာခေတ်မတိုင်ခင် ရိုက်ထားခဲ့တဲ့ အဖြူအမည်းဓာတ်ပုံတွေကို ဆိုလိုချင်တာပါ။

ပြီးခဲ့တဲ့အခေါက် ဇွန် မြန်မာပြည်ပြန်တုန်းက အဖြူအမည်း ဓာတ်ပုံလေးတွေကို စုစည်းယူဆောင်ပြီး စကဲန်ဖတ်ထားခဲ့ပါတယ်။ အစကတော့ စက်တင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် မေမေ့မွေးနေ့မှာ ဇွန်ငယ်ငယ်က မေမေနဲ့နှစ်ယောက်အတူ ရိုက်ထားတဲ့ ပုံလေးတွေစုပြီး အမှတ်တရ တင်မယ်လို့ စိတ်ကူးရှိခဲ့ပေမယ့် အဖြူ၊ အမည်းပုံလေးတွေ ပြန်မြင်တော့ စိတ်ပြောင်းပြီး ကိုယ့်မှာရှိသမျှ ပုံလေးတွေကို တစ်စုတစ်စည်းတည်း တင်ချင်စိတ်ပေါ်သွားပါတယ်။ အဲဒါနဲ့ပဲ ဒီပို့စ်လေးက ဇွန့်ရဲ့ Black & White photo collection ဖြစ်သွားတယ် ဆိုပါတော့။း)


ဒီပုံက ဇွန် အခါလည်မတိုင်မီ မန္တလေးကို လည်လည်သွားတုန်းက ရိုက်ခဲ့တာ။ ဖေဖေရယ်၊ မေမေရယ်၊ နောက်ပြီး အစ်မ၀မ်းကွဲနှစ်ယောက်ရယ်နဲ့ပေါ့။

ဒီဓာတ်ပုံလေးနောက်မှာ မေမေ ရေးမှတ်ထားတာကို ကြည့်လိုက်တော့ ဇွန် တစ်နှစ်ပြည့်မွေးနေ့မှာ ရိုက်ခဲ့တာ။ 

မိသားစုဝင်ထဲမှာ အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ အမေနဲ့သမီး အနေဘယ်လောက်ဝေးဝေး စိတ်ထဲအမြဲနီးနေခဲ့တဲ့အတွက်ရော၊ အမေ့သမီးဖြစ်ခဲ့တဲ့အတွက်ရော ၀မ်းသာကျေနပ်မိတယ်။

ဝက်သက်ပေါက်လို့ ကတုံးရိပ်ခံထားရတဲ့ ဇွန်ရဲ့ သုံးနှစ်ပြည့်မွေးနေ့မှာလည်း  ရွှေတိဂုံဘုရားကို ရောက်ပါတယ်။


စစ်တွေက ပွိုင့်အမည်ရတဲ့ ကမ်းခြေမှာရိုက်ခဲ့တာလို့ သေသေချာချာ မှတ်မိနေတယ်။


အခုချိန်မှာ စာတွေများလို့စိတ်ရှုပ်နေတဲ့ ဇွန့်မျက်နှာက အဲတုန်းကလို ရှုံ့မဲ့မဲ့လေး ဖြစ်နေတယ်လို့ မြင်ယောင်ကြည့်လို့ရတယ်နော်။း)


ပထမဆုံး ကျောင်းဝင်ကတ်ပြားအတွက် ရိုက်ခဲ့တဲ့ပုံလေးကို ကြည့်မိတိုင်း ငါးနှစ်သမီးဇွန်က ယောက်ျားလေးနဲ့တောင် ပိုတူနေသလိုပဲ မှတ်ချက်ချမိတယ်။


ဒီပုံလေးကတော့ ဇွန်ရိုက်ခဲ့သမျှ အဖြူအမည်းပုံတွေထဲမှာ နောက်ဆုံးလို့ ပြောလို့ရတယ်။ အဲ့ဒီနောက်ပိုင်းရိုက်ဖြစ်တဲ့ ပုံအားလုံးက အရောင်နဲ့ဖြစ်သွားပြီကိုး။

တစ်ချိန်က အမှတ်တရကာလတွေကို ပြန်အောက်မေ့ သတိရရင်း အသက်ခြောက်ဆယ်ပြည့်သွားတဲ့ မေမေ့ရဲ့ မွေးနေ့မင်္ဂလာအတွက် အဝေးကနေလှမ်းပြီး ဆုတောင်း လိုက်ပါတယ်။ ချစ်သောမေမေ သက်ရှည်ကျန်းမာ ပျော်ရွှင်မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော မွေးနေ့ရက်မြတ်ကို ကောင်းမှုကုသိုလ်တွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့။  



ဇွန်မိုးစက်

Comments ( 13 )

သူ...စာရေးနေတယ် ...
အဲ ... မှားလို့ ... သူ စာလုပ်နေတာ... စာလုပ်နေတာပါ :P

Happy Birthday to Loving Aunty !

အဖြူအမဲနဲ့ ပေမဲ့လည်း ချစ်စရာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကလေးမလေးကို မှတ်မိနေပါတယ်း)

ပြောကြစတမ်းဆိုရင် ရှေးတုန်းက အဖြူအမည်း ဓာတ်ပုံတွေက ဆေးသားအင်မတန်ခိုင်တာကလား...အဘိုးတို့ခေတ်က ဓာတ်ပုံတွေ အခုအထိ အကောင်းချည်း ရှိသေးတာကလား...

ပုံဟောင်းလေးတွေ ပြန်ကြည့်ရတော့လည်း လွန်လေပြီးသော အတိတ်ကို ဦးဟန်ကြည်တို့လည်း ယောရောင်လွမ်းသွားပါသဗျား...

အမေတိုင်း ချမ်းမြေ့ကြည်သာကြပါစေ...

သများကတော့ သူ့ကို စာကျက်ပါစေတော့ရယ်လို့ တဂ်ပို့စ်မှာ ထည့်တောင်မတဂ်ပူး
မမဇွန် စာကျက်ပါစေလို့တောင် ရေးထားတာ
သူကတော့ အင်းလေ စာလုပ်နေတာပါ :D
မမဇွန် သေးသေးလေးက ချစ်စရာလေး..စူတူတူလေးနဲ့
မေမေက ချောတယ် :)

ညိုလေး... စာလုပ်နေတဲ့ကြားက break ခဏယူတာပါကွယ်။ ;-)

အစ်မချစ်... မျက်လုံးပြူးပြူးနဲ့ ကလေးမလေးလို့ နာမည်တွင်ခဲ့ဖူးတယ်။ :D

ကိုဟန်ကြည်... ဟုတ်တယ်နော်၊ ကာလာနဲ့ပုံတစ်ချို့ဆေးသားတွေပျက်သွားတာ၊ ပြယ်သွားတာတွေရှိပေမယ့် အဖြူအမည်းပုံတွေမှာ သိပ်မရှိခဲ့သလိုဘဲ။ ဆုတောင်းအတွက် ကျေးဇူးပါ။း)

ညီမသူသူ... ဘယ်တုန်းက ဘယ်ပို့စ်အတွက် ထည့်မတဂ်ဘဲ နေလိုက်တာလဲဟင်? ဘလော့ဂ်ဒေးအတွက် မမဇွန် ရေးပြီးပြီလေကွယ်။ စူတူတူနဲ့ဇွန်သေးသေးလးကြီးလာတော့ သူ့အမေချောတာကို မမှီဘူးဆိုပြီး ပြောကြလေသတဲ့ကွယ်။ :D

မဇွန်မိုးစက် မေမေရဲ့ အလှက ဘိုဆန်ဆန် ချောတာနော်။ အရမ်းလှတာပဲ။

ဇွန့် မေမေ ကို နှုတ်ဆက်ပေးပါ။

ကျေးဇူးပါ ညီမ မြတ်ပန်းနွယ်... မေမေ့ဆီမှာ ကပြားသွေး လေးပုံတစ်ပုံပါလို့ ဖြစ်မယ်။း)

ဟုတ်ကဲ့ပါ အစ်မရှင်လေး... ဇွန် နှုတ်ဆက်ပေးမယ်နော်။း)

ညက်မှောက်ကုတ်နေတဲ့ ဇွန်သေးသေးလေးကို ချစ်တယ်...း-)

ဇွန် ပိစိညှောက်တောက်လေးက မျက်မှောင်လေးကုတ်ပြီး အရာရာကို စူးစမ်းတတ်မယ့် ပုံမျိုးပဲ...၊း)

မအေတူသမီးရဲ့ အမှတ်တရပို့စ်မှာ မြင်ရတဲ့ သမီးတူအမေလည်း အေးချမ်း၊ ငြိမ်သက်ခြင်းများနဲ့ မွေးနေ့မင်္ဂလာ ဖြစ်ပါစေလို့ (နောက်ကျနေသော်ငြား) ဆုတောင်းလိုက်ပါတယ်...။

ဇွန်အကြီးကြီး ညက်မှောက်ကုတ်နေရင်ရော ချစ်ဦးမှာလား မမသက်ဝေ? :D

နောက်ကျနေပေမယ့်လည်း ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုညီလင်းသစ် :)

တီတင့်လဲ ခင်ပွန်းနဲ့အတူ နေပြည်တော်ကိုရောက်နေလို့ ဘလော့တွေကို ပုံမှန်မ၀င်ဖြစ်ပေမယ့် ရန်ကုန်ကို ၂ ရက် ၃ရက် ပြန်ရောက်တိုင်း လက်လှမ်းမှီသလောက် အသည်းအသန် ၀င်ဖြစ်တယ် ဇွန်ရေ.... တန်ဘိုးရှိတဲ့ Black & White လေးတွေပါ...
ဇွန့်မေမေရဲ့ မွေးနေ့ရက်က တီတင့်ခင်ပွန်းရဲ့ မွေးနေ့ရက်နဲ့အတူတူပဲ သူက 14th Sept မှာ ၅၇နှစ်ပြည့်ခဲ့ပြီ... မွေးနေ့ရှင်များ ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်းကြပါစေလို့...

မေတ္တာဖြင့်
အန်တီတင့်

လက်လှမ်းမီ အချိန်ရသလောက် အသည်းအသန်ဝင်ဖတ်ပြီး ဆုတောင်းပေးတဲ့ တီတင့်ကို ကျေးဇူးတွေ အများကြီး တင်ပါတယ်လို့...း)