my collection - 2

Category: ,

my collection ဆိုပြီး ဒီမှာ တစ်ခါ တင်ဖူးပါတယ်။ အခု collection အပိုင်း - ၂ ကတော့ ၂၀၁၀ နဲ့ ၂၀၁၁ အတွင်းမှာ ထပ်ပြီး စုဆောင်းရမိတဲ့ နိုင်ငံစုံက သော့ချိတ်တွဲလေးတွေ၊ သံလိုက်လေးတွေပါ။ ပြီးခဲ့တဲ့ ၂နှစ်အတွင်း ကိုယ်တိုင် ခရီးတွေသွားဖြစ်သလို လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအတော်များများလည်း သွားဖြစ်တာမို့ အမှတ်တရပစ္စည်းလေးတွေ ထပ်တိုးလာပြီး အရင်ထည့်နေကျ စက္ကူဗူးလေးမှာ မဆံ့တော့တာနဲ့ ဖိနပ်ဗူးသစ် အလွတ်တစ်ခုရှာပြီး ပြောင်းထည့်လိုက်ရပါတယ်။ ဒါတောင် နဲနဲကြီးတဲ့အရုပ်တစ်ချို့ကို သပ်သပ်သိမ်းထားတာပါ။


ဒီတစ်ခါ collection မှာ ထူးခြားတာက ဘလော့ဂါမိတ်ဆွေများရဲ့ အမှတ်တရ လက်ဆောင်လေးများ ပါဝင်နေခြင်းပါ။

 
ဒါက Asia collection လို့ ပြောလို့ရပါတယ်။ 

အင်ဒိုနီးရှား၊ ကိုးရီးယား၊ ဒူဘိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ သူငယ်ချင်း မေမဒီရဲ့ အမှတ်တရ မြန်မာပြည်ချောင်းသာက ခရုခွံလေးလည်း ပါပါတယ်။ နောက်တန်း ညာအစွန်က ဘာလီကားသော့တွဲက ရီတာ့ဆီကဖြစ်ပြီး၊ အလယ်တန်းက ထိုင်းဆင်ရုပ်လေးက ကြယ်ပြာ့ လက်ဆောင်ပါ။ ကိုယ့်ဝါသနာကိုသိလို့ မမေ့မလျော့ ယူလာလက်ဆောင်ပေးသူတွေထဲမှာ မမင်း တစ်ယောက်လည်း အပါအ၀င်။ ရှေ့ဆုံးတန်း တတိယမြောက် သော့တွဲက မမင်းရဲ့ ထိုင်ဝမ်အမှတ်တရနဲ့ သူ့ဘေးကပ်ရပ်က ချော့ကလက်ရောင် အမွေးပွအိတ်သေးလေးကတော့ အစ်မချစ်ရဲ့ ဘိုဟိုးလ်ကျွန်းအပြန်လက်ဆောင်ပေါ့။ ကျန်တာတွေကတော့ သူငယ်ချင်းမိတ်ဆွေတစ်ချို့နဲ့ လုပ်ဖော်ကိုင်ဖက်တို့ရဲ့ အမှတ်တရ လက်ဆောင်လေးတွေပါ။

 
စပိန်နိုင်ငံအမှတ်တရ ဘာစီလိုးနားသော့တွဲနဲ့ ပြင်သစ်ပြည်က အီဖယ်လ်မျှော်စင်ကို ကိုယ်တိုင်မရောက်သေးပေမယ့် သွားဖြစ်တဲ့ သူငယ်ချင်းတစ်ချို့က ယူလာပေးပါတယ်။ ဆွစ်စ်နာရီလေးကတော့ somerset 313 က မာရှေး (Marche') ဆိုင်မှာ သွားစားရင်း တွေ့လို့ သဘောကျပြီး ၀ယ်လာခဲ့တာပါ။ ဆွစ်ဇာလန်ကို မရောက်ဖူးသေးပါဘူး။ :D

ကိုယ်ပိုင်ခရီးသွားအမှတ်တရ စုဆောင်းမှုပါ။ နောက်တန်းက ကင်မရွန်းကုန်းမြင့်ဒေသနဲ့ ကွာလာလမ်ပူအမှတ်တရဖြစ်ပြီး၊ ရှေ့တန်းက ဆစ်ဒနီနဲ့ကင်ဘာရာ အမှတ်တရလေးတွေပါ။ 


တစ်မြို့ရောက်ရင် တစ်ခါဝယ်၊ တစ်နေရာရောက်ရင် တစ်ခုယူ၊ လူကြုံရှိတဲ့အခါ တစ်ခါမှာဆိုတော့ စုဆောင်းမိတဲ့ ဒေသအလိုက် အမှတ်တရ ပစ္စည်းလေးတွေ အတော့်ကို များနေပါပြီ။ ဓာတ်ပုံထဲမှာ မပါတဲ့ သော့တွဲနဲ့ သံလိုက်လေးတွေ ကျန်ပါသေးတယ်။ လောလောဆယ် အိမ်မှာ ထားစရာ နေရာမရှိတော့ သူတို့ကို လှလှပပ စီရရီ အပြင်ထုတ်မထားနိုင်ဘဲ စက္ကူဗူးထဲမှာပဲ ထည့်သိမ်းထားရပါတယ်။ နောက်ထပ် ခရီးတွေသွားဖြစ်ရင် လက်ဆောင်တွေထပ်ရရင် A4 ပုံး ရှာပြီး ထည့်ရတော့မယ် ထင်ပါရဲ့။ :D

ဇွန့်အတွက် သတိတရ လက်ဆောင်ယူလာခဲ့ပေးသူများ အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ :))



ဇွန်မိုးစက်

Comments ( 11 )

ဓါးပြ လာတိုက်အုံးမှပဲ

လန်ဒန်မပါသေးဘူး။ မဇွန်ကို အင်္ဂလန် အမှတ်တရ သော့ချိတ်ပေးရမယ်။ :))

ညီမဇွန်....
ဘယ်သော့ချိတ်ပါလိမ့်လို့ စဉ်းစားနေသေးတာ...း)
နောက်မှ ဇွန်ရေးတာ ဖတ်မှ သတိရတော့တာ...
မေ့တတ်တယ်ကွယ်။ အမှတ်တရရှိနေတာ ကျေးဇူးတင်တယ် ညီမလေးရေ...

FB မှာ ပုံသေးသေးလေး စမြင်တော့ ဘာလီကားကို အရင်ရှာကြည့်မိတယ်။ =D

nice Hobby...

ီအဟီးအဟီး ချစ်ဆြာလေးတေပါလား... မိုးကုတ်သား ဓမြတိုက်သွားမယ်ဆို မမင်းကိုလည်းခေါ်လိုက်ပါနော့

ညီမလေးရဲ့ collection ကို သိသွားပြီ... နောက်ကို ခရီးသွားရင် ညီမဖို့ souvenir ဝယ်လာခဲ့မယ်နော်...း)

ချစ်စရာလေးတွေ....
ဂျင်းကတော့ အဲလိုတစုတစည်းတည်း သိမ်းမထားတတ်ဘူး။ ဟိုနားရောက် ဒီနားရောက်ပဲ။ ငါ့အစ်မလိုပဲ သိမ်းထားဦးမှပဲ။ အမှတ်တရဖြစ်စေတာပေါ့။ :)

မှတ်မှတ်ရရ သိမ်းထားတာသိရတော့ ၀မ်းသာမိတယ်း)

Celine Dion ရဲ့သီချင်းတွေအားလုံးနီးပါးကြိုက်ခဲ့တာပါ
ခုဇာတ်လမ်းလေးထဲမှာ အဲဒီသီချင်းလေးနဲ့ အံဝင်နေတာလေးကိုသဘောကျနေမိတယ်
ခင်မင်တဲ့ jasmine

ရေခဲသေတ္တာမှာ ကပ်တာလေးတွေ အကုန်ပေးပါ..