'အို' သွေး အလိုရှိသည်

Category: ,

The Singapore Red Cross နဲ့ The Bloodbank@HSA မှာ အိုသွေး အလှူရှင် ၄ဝဝ ခန့် လိုအပ်လျက်ရှိကြောင်း Channel NewsAsia ရဲ့ ဒီလင့်ခ်မှာ သတင်းပေး ဖော်ပြထားပါတယ်။

အသက် ၁၆ နှစ်မှ ၆ဝ အတွင်း၊ ကိုယ်အလေးချိန် အနည်းဆုံး ၄၅ ကီလိုရှိပြီး၊ ကျန်းမာရေးကောင်းမွန်သူ၊ လွန်ခဲ့သော သုံးလအတွင်းက သွေးလှူထားခြင်း မရှိသူများ Outram Park MRT နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Bloodbank@HSA မှာ သွားရောက်လှူဒါန်းနိုင်ပါတယ်။

(gtalk status မှာ link နဲ့ အတူ info share လုပ်ပေးတဲ့ ကိုမိုးကုတ်သားကို ကျေးဇူးတင်ပါတယ်)


ဇွန်မိုးစက်

Comments ( 8 )

Singapore blood stocks indicator ကို အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်ကနေ သွားကြည့်လို့ ရကြောင်းကို ထပ်ဆင့် ဝေမျှလိုက်ပါရစေ ခင်ဗျာ။

http://sbs.donorweb.org/

ကျေးဇူးပါ ကိုဂျူလိုင်။

မမရေ....ကိုယ်ကိုယ်တိုင်က မလှူနိုင်တော့ လှူဒါန်းနိုင်တဲ့သူတွေအတွက် လေးလေးနက်နက် သာဓုခေါ်မိတယ်။

ချစ်တဲ့
ဂျင်း

သိချင်လို့မေးတာပါ စင်ကာပူမှာ သွေးတွေ ဘာလို့ အဲလောက်လိုတာလဲ မသိဘူး။ ဒီမှာတော့အဲလို သွေးလိုတယ် တခါမှ မကြားမိဘူး။ ဖြစ်နိုင်တာ အဲဒီကဆရာဝန်တွေ သွေးပိုသွင်းပုံပဲ။

Basically, life saving blood transfusion in acute blood loss is requred.

But in long term anaemia with haemoglobin under 7 in asymptomatic patient, blood transfusion not required at all. We dont do blood transfusion here.

ဟန်နာ မလှူနိုင်ပေမယ့် လူချင်တဲ့လူတွေ့ ရင် ပြောလိုက်
ပါ့မယ်နော်...း)

ခင်မင်လေးစားစွာဖြင့်...

@Steve... ဇွန်က Medical field က မဟုတ်လို့ ဘာကြောင့် အဲလောက်လိုအပ်သလဲဆိုတာ မသိဘူး။ သူတို့လိုအပ်နေတယ်ဆိုတော့လည်း လှူချင်တဲ့သူတွေအတွက် အခွင့်အရေး ရသွားတာပေါ့လေ။

ကုသိုလ် ဆိုတာ ယူတတ်မှ ရတာ ညီမရေ

လူ့အသက် ကယ်တဲ့နေရာမှာ တစ်တပ်တစ်အား...
သွေးသွားလှူခဲ့တာ ပီတိဖြစ်စရာ...

သာဓု...
သာဓု...
သာဓု...

စလုံးမှာသာဆို လှူဖြစ်မှာ..။ အမလဲ အိုသွေးပဲ။ ငယ်ငယ်က မွေးနေ့ဆို လှူလေ့ရှိပါတယ်။