The night of ABBA Cadabra

Category: ,




ပြီးခဲ့တဲ့ စနေနေ့က Esplanade Theater မှာ လာရောက်ဖျော်ဖြေတဲ့ ABBA Cadabra ကို သွားကြည့်ဖြစ်ပါတယ်။ ကမ္ဘာကျော် ABBA အဖွဲ့ရဲ့ သီချင်းများကို ပြန်လည်သီဆို ဖြေဖျော်တဲ့ပွဲပါ။ အတူနေသူငယ်ချင်းက ကိုယ်နဲ့ ဇူလိုင်လမှာ ကျရောက်တဲ့ နောက်ထပ် သူငယ်ချင်းတစ်ယောက်အတွက်ပါ ပေါင်းပြီး  မွေးနေ့လက်ဆောင်အဖြစ် လက်မှတ်ဝယ်ပေး ပါတယ်။ သူလည်း အတူတူကြည့်တာပေါ့လေ။ 

ဒုတိယအကြိမ်မြောက် Esplanade မှာ ကြည့်ဖြစ်ခြင်းပါ။ မနှစ်က  အောက်တိုဘာမှာ သူငယ်ချင်းရဲ့ မွေးနေ့လက်ဆောင်အဖြစ် အကပွဲတစ်ပွဲအတွက် လက်မှတ်ဝယ်ပေးရင်း ပထမဆုံးအကြိမ်အဖြစ် Esplanade Theater ထဲမှာ ကြည့်ဖူးသွားပါတယ်။ တကယ်ဆို ကြည့်ချင်တဲ့ပွဲတွေက အများကြီးပါ။ တီဗွီမှာကြော်ငြာလာတိုင်း ဟိုပွဲလည်းကြည့်ချင် ဒီပွဲဆိုလည်းကြည့်ချင်နဲ့ ခဏခဏမကြည့်ဖြစ်တောင်  တစ်နှစ်ကို တစ်ပွဲလောက်တော့ ကြည့်ရအောင်ဆိုပြီး နှစ်ယောက်သား သံဓိဋ္ဌာန် ချထားပါတယ်။

ငယ်ငယ်လေးကတည်းက အရင်ဆုံးရင်းနှီးခဲ့တဲ့ အင်္ဂလိပ်သီချင်းဟာ ABBA ရဲ့သီချင်းတွေဆို မမှားပါဘူး။ အဖေရော အမေပါ သိပ်ကြိုက်ကြလို့ အိမ်မှာခဏခဏ ဖွင့်နားထောင်ဖြစ်ပါတယ်။ ၁၉၈၃ နှစ်မှာ အဖွဲ့ဝင်တွေ လမ်းခွဲပြီးနောက်ပိုင်း ဖျော်ဖြေမှုတွေ မပြုလုပ်တော့တာ ခုချိန်ထိပါပဲ။ ခုလို သူတို့သီချင်းတွေကို ပြန်လည်သီဆို ဖြေဖျော်ပေးနိုင်တဲ့ အဖွဲ့ပေါ်လာတော့ ABBA ပရိတ်သတ်အကြိုက် ဖြစ်သွားပါတယ်။

ABBA Cadabra ဟာ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ကနေ ABBA သီချင်းများကို ကမ္ဘာအနှံ့ လှည့်လည်ဖြေဖျော် အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ စင်္ကာပူမလာခင်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ဖျော်ဖြေခဲ့ကြပါတယ်။ အရင်နှစ်ကလည်း မလေးရှားနိုင်ငံရဲ့ဘုရင်နဲ့မိဖုရား၊ တော်ဝင်မိသားစုဝင်များနဲ့ ၀န်ကြီးချုပ်တို့အတွက် အထူး ဖျော်ဖြေခွင့်ရခဲ့ပါတယ်။ စင်္ကာပူနိုင်ငံကိုတော့ ပထမဆုံးအကြိမ်အဖြစ် လာရောက်သီဆို ဖျော်ဖြေခြင်းပါ။

မူရင်းသီဆိုသူများ မဟုတ်သည့်တိုင် မူရင်းသီချင်းများကို နားထောင်ရသလိုပဲ အဆိုသိပ်ကောင်းကြပါတယ်။  မူရင်းအဖွဲ့လိုပဲ လေးယောက်ပါဝင်ပြီး၊ dancer နှစ်ယောက်၊ violinist တစ်ယောက်တို့က တီးဝိုင်းနဲ့အတူ အားဖြည့်ပေးထားပါတယ်။ ABBA ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ သီချင်းပေါင်း နှစ်ဆယ်ခန့်ကို နှစ်နာရီ(ကျော်)ကြာ အားပါးတရ သီဆို ဖျော်ဖြေသွားကြပါတယ်။ သီချင်းလိုက်ဆိုရင်း ကလို့လည်းရအောင် စင်အောက်နားမှာ နေရာလွတ်ထားပေးပါတယ်။ အဖြူသုံးလေးယောက်ကတော့ သီချင်းလိုက်ဆိုပြီး ထွက်ကကြပါတယ်။

“Mamma Mia” သီချင်းနဲ့ စဖွင့်ပြီး “Thank you for The Music” နဲ့ အဆုံးသတ်ပါတယ်။ ပရိတ်သတ်တွေလည်း ပွဲပြီးသွားတဲ့အထိ လက်ခုပ်သံမစဲ တသဲသဲအားပေးကြပါတယ်။ အားလုံးက ပြီးသွားပြီထင်နေဆဲ ABBA Cadabra အဖွဲ့ စင်ပေါ်ကိုတစ်ခေါက် ပြန်လာပြီး ပရိတ်သတ်အားလုံးကို မတ်တပ်ထခိုင်း၊ သူတို့နဲ့အတူ လိုက်ဆိုလိုက်ကခိုင်းပါတယ်။ အားလုံးကလည်း တညီတညွတ်တည်း မတ်တပ်ရပ်၊ လက်ခုပ်တွေတီးပြီး ကိုယ်တွေယိမ်းလို့ တပျော်တပါး လိုက်ဆိုကကြပါတယ်။ Dancing Queen နဲ့ Mamma Mia ကို တစ်ခေါက်စီထပ်ဆိုပေးသွားပြီး ပွဲစဉ်ကို အဆုံးသတ်ပါတယ်။ သိပ်ပျော်ခဲ့ရတဲ့ ABBA Cadabra Night လို့ ဆိုပါရစေ။

သီဆိုပေးသွားတဲ့ သီချင်းများကတော့

Mamma Mia
Dancing Queen
Knowing Me Knowing You
Money Money Money
S.O.S
Voulez Vous
Fernando
Take a Chance On me
Gimme! Gimme! Gimme!
I Have A Dream
Lay all your Love On Me
I do I do I do
Super Trouper
Chiquititia
Honey Honey
The Name of the Game
Does Your Mother Know
The Winner Takes It All
Waterloo  နဲ့
Thank You for The Music တို့ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ABBA Cadabra အဖွဲ့ စင်္ကာပူကို ထပ်လာဖြစ်ခဲ့ရင် ABBA ပရိတ်သတ်များ သွားကြည့်ကြပါလို့ ဘလော့ဂ်ကနေ တိုက်တွန်းလိုက်ပါတယ်။း)


ဇွန်မိုးစက် 

Comments ( 15 )

ဟုတ်ကဲ့ သွားကြည့်နိုင်ဖို့ ကြိုးစားပါ့မယ်....

စာလာဖတ်သွားပါကြောင်း

လေးစားစွာဖြင့်

သူတို့သီချင်းတွေကတော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး ဇွန်

အင်း... ဟုတ်တယ် အမလဲ ကြည့်ချင်နေတာ...
ဒါပေမယ့် အလုပ်တွေ မအားတာနဲ့ စိတ်က အဲဒီဖက်ကို အာရုံမရောက်လိုက်နိုင်ဘူး ဖြစ်သွားတယ်...
နောက်တခါဆို သတင်းပေးပါ နှမတော်...း))

သူတို့အဖွဲ့ရဲ့သီချင်းလေးတွေက မြူးမြူးလေးနဲ့ လိုက်ကလို့ကောင်းတာကိုးးးး။ နောက်တစ်ခါလာရင် အတူတူ သွားကကြစို့နော် မမး)))

ပြန်သတိရသွားလို့ သီချင်းတွေ ပြန်ရှာပြီး နားထောင်လိုက်ဦးမယ် .. :D

မိုးခါး

Dancing Queen က ကိုယ့်ရဲ့ ကွန်ပျူတာမှာ သီချင်းတွေဖွင့်တာနဲ့ အရင်ဆုံးထွက်လာတဲ့ သီချင်းပါ၊

နောက်တစ်ခါဆိုရင် ခေါ်ပါလား၊ အတူတူကြည့်မယ်လေ။

နေ့လည်က ဘာဖြစ်မှန်းမသိဘူး၊ ကော်မန့်တွေ မေးလ်ထဲမှာပဲရောက်လာပြီး ဘလော့ဂ်မှာ တက်မလာလို့ “အစ်မသက်ဝေနဲ့ ညီမအင်ကြင်းသန့်” တို့ရဲ့ ကော်မန့်တွေ မေးလ်ထဲက ကူးယူပြီး ပြန်တင်ထားပါတယ်။း)

ဘာလို့မခေါ်တာလဲ မဇွန်

ကျနော့်အကြိုက်ဆုံး ထဲက အကြိုက်ဆုံး အဖွဲ့
ကြုံရင်တော့ ကြည့်ချင်ပါတယ်.

လက်တို့ပါတော့လားးးးးး

ပွဲကောင်းလေးမို့ ကြည့်ချင်သား။

အမတို့ သွားကြည့်ဖို့ စဉ်းစားသေးတာ၊ တခြားကိစ္စပေါ်လာလို့ မကြည့်ဖြစ်တာ...၊

ဟိုဂျင်းစုတ်လေးက ကမယ်ဆိုတာချည်းပဲ...လာအုံး အိမ်လာမှ အိမ်သော့ခတ်ထားပြီး ကခိုင်းရမယ် :P

အမဇွန်မိုးစက်

မုန့်ဟင်းခါးက အော်ဒါမှာတာ မဟုတ်ဘူးခင်ဗျ

ကျောင်းမှာ ဝေယျာဝစ္စကူလုပ်ပေးနေတဲ့ အမတွေ ချက်ပေးတာပါ။ များသောအားဖြင့် သူတို့တွဲပြီးမနက်တိုင်းလှူလေ့ရှိတာမို့ ထွေထွေထူးထူး စီစဉ်စရာမလိုပဲ ကုန်ကျသလောက်ပဲတွက်ချက် လှူလိုက်တာပါပဲ။

error တက်တုန်းက ထပ်နေတဲ့ ကော်မန့်တွေ ပြန်ဖျက်ထားလိုက်တာပါ။

ကြိုးပျောက်သွားတာတော့ အမှန်ပါပဲ
ဒါပေမယ့်.......