မျက်လုံးများကို ဖတ်ရှုခြင်း

Category:

စနေနေ့သာအပြင်ထွက်စရာမရှိရင် ပုံမှန် တစ်ပတ်မှာခြောက်ရက် ရထားစီးဖြစ်တယ်။ ရထားစီးခိုက် ကိုယ်ဖတ်မိတဲ့ မျက်လုံးတွေအကြောင်းပါ။


စလုံးတွေရဲ့ မျက်လုံးမှာ ဂုဏ်ယူဝင့်ကြွားမှုတွေ တွေ့ရတတ်တယ်။ လူမျိုးခြား (အာရှ) တွေအပေါ် အထက်စီး ကနေကြည့်တတ်တဲ့ မျက်လုံးမျိုးတွေ မကြာခဏတွေ့ရတယ်။ အနောက်နိုင်ငံသားတွေအပေါ်မှာတော့ အထင်ကြီးရိုကျိုး၊ သူတို့အတွက် serve လုပ်ဖို့  အမြဲအဆင်သင့်ဖြစ်နေတဲ့ မျက်လုံးမျိုးတွေနဲ့။ အလုပ်သွားချိန်ဆိုရင်တော့ ဘယ်လောက်ပဲ ကျော့နေအောင် ၀တ်စားထားပေမယ့် သူတို့မျက်လုံးမှာ အလုပ်ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု၊ အလျင်လိုမှုတွေနဲ့ ပြည်လျှံနေတယ်။ မလေးတွေမှာတော့ စပ်စုတတ်တဲ့မျက်လုံးတွေရှိတယ်။ သူတို့နိုင်ငံက ခွဲထွက်ပြီး တစ်စင်ထောင်တဲ့ စင်္ကာပူကျွန်းလေးပေါ်က စလုံးတွေကို မကြောက်ဘူး။ တစ်ခြားနိုင်ငံခြားသားတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အမြင့်ဆုံး အခွင့်ထူးရထားတဲ့  နိုင်ငံခြားသားက မလေးလူမျိုးပေကိုး။ ဒီကျွန်းလေးရဲ့အနာဂတ် မသေချာတော့ရင် လယ်ယာမြေကြီး အများအပြားပိုင်ဆိုင်တဲ့ သူတို့နိုင်ငံပြန်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မျက်လုံးတွေ။

မိန်းကလေးတွေဆီ စူးစူးရဲရဲအကြည့်ရောက်တတ်တဲ့ မျက်လုံးပိုင်ရှင်အများစုက အနဲ့ဘကုန်း (အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်)။ အရောင်ဖျော့ဖျော့နဲ့ အားငယ်တဲ့မျက်လုံးမျိုးကို ပိုင်ဆိုင်သူအများစုက ပြည်မကြီးက တရုတ်လူမျိုးတွေ (အထူးသဖြင့် လာရောက်အလုပ်လုပ်ကြတဲ့ ယောကျာ်းတွေမှာ)၊ ဘာလို့မှန်းတော့မသိဘူး။ ကိုယ်အကဲခတ်မိတိုင်း သူတို့မျက်လုံး တွေဟာ အားမာန်အပြည့်ရှိမနေဘဲ အားဖျော့နေတယ်။ ဖ၀ထုပ်(ဖိလစ်ပင်း)တွေကတော့ သူတို့လို ရုပ်ခပ်ဆင်ဆင်ဆို အမျိုးတော်ဖို့ လိုက်ကြည့်နေတဲ့ မျက်လုံးတွေနဲ့ပေါ့။ ကိုယ်လို rebond မလုပ်ထားတဲ့ ဆံပင်နက်နက်နဲ့ အာရှတိုက်သူရုပ်ဖြစ်နေလို့ကတော့ သူတို့လို ဖ၀ထုပ်လားဆိုပြီး အတင်းလိုက်ကြည့်တတ်တာ။ အခွင့်အရေးရယင် နင်ရောဖိလစ်ပင်းပဲလားလို့ မေးတော့မယ့်မျက်လုံးမျိုး။  (ကိုယ်ကလည်း တစ်ခြားလူမျိုးထက် ဖ၀ထုပ်လားအမေးခံရယင် သိပ်စိတ်ဆိုးတတ်တာ) အနောက်နိုင်ငံသားတွေမှာတော့ ဘယ်သူမှ သိပ်ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ရှိတဲ့ မျက်လုံးမျိုးတွေသာ အများဆုံးတွေ့ရတတ်တာ။

ဘာလဲ...ကိုယ်တို့ရွှေတွေမှာလား...။ အင်း...သိတဲ့အတိုင်း ကိုယ်တို့ရွှေတွေမှာတော့ ဖော်ရွေရင်းနှီး အားနာတတ်တဲ့ မျက်လုံးတွေ တွေ့ရတာပေါ့။ တစ်ခုတော့ မတွေ့မိဘူး။ ဟုတ်တယ်....ကိုယ်တို့မြန်မာတွေရဲ့ မျက်လုံးမှာ ပျောက်ဆုံးနေတာက ကိုယ့်ကိုယ်ကိုယုံကြည်မှု (self-confidence) ။ ကိုယ်သတိထားမိသလောက် တွေ့ခဲတယ်။ ကိုယ့်မျက်လုံးမှာလည်း တွေ့ရမယ်မထင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလို ရဲရင့်တည်ကြည်ပြတ်သားပြီး ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မျက်လုံးမျိုး  ကိုယ်တို့ဆီမှာ ဘယ်အချိန်ကတည်းက  မတွေ့ရတော့ တာပါလိမ့်...။


မှတ်ချက်။  ။ စာရေးသူတစ်ဦးတည်း၏ အမြင်သာ ဖြစ်ပါသည်။ လွပ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်


Comments ( 17 )

ကြည့်ချိန်မရဘူး. အားတာနဲ့ အိပ်တာဘဲ မအိပ်ရင် တယ်လီဖုံထုးတ်ပြီးကလိတယ်။

ward verification လေးဖြုတ်ပေးပါလား အချိန်ကုန်တယ် မျက်စိကန်တယ်။

အဲလို စာမျိုးကြိုက်တယ်။ လူတွေကို အဲလိုမျိုး ခွဲခြမ်းစိတ်ဖြာဖို့ စိတ်ဝင်စားတယ်။ personality အမျိုးမျိုးကို အင်မတန် စိတ်ဝင်စားတယ်။

မkom ပြောလို့ word verification ဖြုတ်လိုက်ပြီနော်။

စိတ်ရဲ့တံခါးပေါက်တွေလို့ ဆိုပါတယ်

ကျနော့မျက်လုံးတွေ အခုဖတ်ကြည့်ရင် ဘာမြင်ရမလဲ

အင်း ကျနော်လည်း သိချင်မိတယ်

ရောမရောက် ရောမ လိုကျင့်တာ အကောင်းဆုံးထင်မိတာပဲ။

အင်း...အမ ကရော...ဟီးဟီး နောက်တာ...၊ မျက်လုံး မှာ ထက်မြက်တဲ့ စိတ်လေးတွေ အမတို့ တချို့ မြန်မာတွေမှာ ရှိနေပါသေးတယ် ညီမရေ...ညီမလေးက ကြင်နာတတ် နူးညံ့တဲ့ မျက်လုံးမျိုး...:)

မျက်လုံးလေးတွေအကြောင်း စိတ်ဝင်တစား ဖတ်သွားပါတယ်။ မှတ်သားသွားပါတယ်။

တို့ ကတော့ ဇွန့် မျက်လုံးလေးတွေ ကြိုက်တယ် ..လှလှလေး...း)

ကျနော်လဲ ဝါသနာပါတယ် မျက်လုံးတွေကိုဖတ်ရတာ သူတို့ရဲ့ စိတ်တွေကို သိရတယ်..

စိတ်ဝင်စားရင် ဗေဒင်တောင် ဖမ်းတွက်လိုက်သေးးးး

း)

မဇွန်ရေးတဲ့ပိုစ့်တွေ အရမ်းဖတ်ကောင်းတယ်..

ကြိုက်တယ်

အစ်မဇွန်ရေ... မျက်လုံးတွေအပေါ် မြင်တဲ့အမြင်က တော်တော်လေးကို တူနေတယ်... ဟုတ်တယ်နော်... ညီမတို့တွေ တော်တော်များများရဲ့ မျက်လုံးတွေထဲမှာ Self-confident တော့ နည်းနေသေးတယ်...။ တစ်ချိန်တော့ အစ်မပြောသလို အားလုံးမှာ “ရဲရင့်တည်ကြည်ပြတ်သားပြီး ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မျက်လုံးမျိုး” တွေ့ရလိမ့်မယ် ထင်ပါရဲ့။

“ရဲရင့်တည်ကြည်ပြတ်သားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မျက်လုံးမျိုး”တွေ့ရမယ် ...
လာကြည့်... :)

မဇွန်မိုးစက်ရေ

ကျွန်တော်လည်း မျက်လုံးတွေကို ဖတ်ရတာ သဘောကျတယ်။ သို့ပေမယ့် ခုလို လူမျိုးလိုက် analyze မလုပ်ဖြစ်ဘူး။ စိတ်ဝင်စားစရာပဲ။

ခင်မင်စွာဖြင့်
သီဟသစ်

I also agreee your opinion..thanks

How the hell do you know those malays are Singaporean malays
or Malaysian malays?

ဟုတ် မျက်လုံး ကြောင်းအားပေးသွားပါတယ်။
ကြုံရင် မိုး မျက်လုံးလည်းဖတ်ပေးနော် မ
ကိုးရီးယားလေးတွေ မျက်လုံးကေားp
သာယာချမ်းမြေ့ပါစေနော်။
မိုး

to anonymous: normally i do differentiate by listening their accents. Malaysian Malays are more friendly than S'porean. That's what I feel.
It would be nicer if your phrase didn't include 'the hell'. Anyway...thanks for reading & your comment.

မြင်တတ်တာရော၊ ရေးတတ်တာရော ကြိုက်တယ်။ Wavelength ချင်း တူတယ်လို့ ပြောရမလားပဲ (တူချင်ရဲ့လားတော့ မသိပါဘူး)

ကိုယ်တို့ရဲ့မျက်လုံးတွေလား။ အချိန်၊ နေရာနဲ့အမျှ ပြောင်းလဲနေတယ် ထင်ပါတယ်။ အရင်းခံ အကြောင်းတရားက သိပ်မကောင်းတော့လည်း ယုံကြည်မှုတွေ ယိုဖိတ်လျှံထွက် မနေတော့တာ သိပ်မဆန်းလှဘူး။ ဒါပေမယ့် တဦးချင်း တယောက်ချင်း ကြိုးစားအောင်မြင် ဂုဏ်တင်နိုင်ပါသေးတယ်။ စိတ်မလျှော့ကြေးလေ။

အရေးကြီးတာက ကိုယ့်မြန်မာချင်း တွေ့တဲ့အခါ၊ မြန်မာပြည် ပြန်လို့ ကိုယ့်လောက် အခြေအနေ မဟန်သူတွေနဲ့ တွေ့တဲ့အခါ မာနမျက်လုံးတွေ ဖြစ်မနေဖို့ပါပဲ။ ဒါမျိုးလေးတွေ တွေ့ဖူးနေသလားလို့။