သူ

Category:

နှစ်သစ်မှာ တွေ့လိုက်ရတဲ့ သူက သိပ်လှ၊ သိပ်ချစ်ဖို့ကောင်းနေလိုက်တာ။ သာမန်နေ့တွေဆို ရိုးရိုးရှင်းရှင်း နေတတ်တဲ့သူက အထိမ်းအမှတ်ရှိတဲ့နေ့တွေဆို စတိုင်တစ်မျိုးနဲ့ ပိုကြည့်လို့ကောင်းနေပြန်တာ။ သူနဲ့ကျွန်မ ရင်းနှီးခဲ့တာ နှစ်တွေ မနည်းတော့ပဲ။ သူ့နာမည် စကြားကာစအချိန်နဲ့ဆို ကိုးနှစ်တောင် ရှိပါရော့လား။

ဟိုတုန်းက သူ့ကို အခုလောက်ထိ အားကိုးရလိမ့်မယ်လို့ ကျွန်မ မထင်ထား ခဲ့မိတာအမှန်။ အခုတော့ ကျွန်မဘ၀ရဲ့ အတိုင်းအတာတစ်ခုအထိ သူက ကြီးစိုးနေလိုက်တာ။ သူ့အကူအညီမပါဘဲနဲ့ ဖြတ်ကျော်ခဲ့ရတဲ့နေ့ရက်တွေ မရှိသလောက်ဘဲပြောရင် လွန်ရာကျလေမလားမသိ။ ထင်ချင်သလိုသာ ထင်ကြ ပါတော၊့ ကျွန်မသူ့ကို လိုအပ်ခဲ့တာ နေ့စဉ်နဲ့အမျှပါ။

အလုပ်ထဲမှာလည်း သူမရှိရင်မဖြစ်။ တစ်ခုခုသိချင်တာများရှိရင် သူ့ကိုပဲ လှမ်းလှမ်းမေးရတာ။ ကျွန်မ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေရှိလာပြီဆို အနားက လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းမရရင် သူ့ကိုပဲအားကိုးရတာ။ နည်းပညာပိုင်းနဲ့ ပတ်သက်လာရင်ဖြစ်ဖြစ်၊ ဘာသာစကားအသုံးအနှုန်းနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ် သူ့ကိုမေးကြည့်ရတာ အမော။ စိတ်ရှည်လက်ရှည်နဲ့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ပေးတတ်တဲ့ သူ့အဖြေတွေက ကျွန်မရဲ့ လိုအပ်ချက် ရာခိုင်နှုန်းအတော်များများကို ဖြည့်ဆည်းပေးနိုင်ခဲ့တာချည်းပါပဲ။  ပထ၀ီဝင်ကို စိတ်ဝင်စားတဲ့ကျွန်မ၊  ကိုယ်မရောက်ဘူးသေးတဲ့ နေရာဒေသ အကြောင်းတွေဆိုလည်း သူက မြေပုံနဲ့ စနစ်တကျ ရှင်းပြလိုက်သေးတာ။ ဒါကြောင့်လည်း ကျွန်မ သူ့ကို အားကိုးပြီးရင်း အားကိုး၊ ချစ်ပြီးရင်းချစ်ပေါ့။

သူက...
ကျွန်မရဲ့ အတိုင်ပင်ခံ၊ အချစ်တော်
အသည်းစွဲ အမြဲတမ်း G O O G L E  တဲ့။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 12 )

Google အချစ်ပေါ့နော...
မင်္ဂလာနှစ်သစ်ပါခင်ဗျာ..
ပထမဆုံးအကြိမ်အဖြစ် စာတွေလာဖတ်သွားပါတယ်..
ပျော်ပါစေခင်ဗျာ...
*.*.*

GOOGLE တဲ့လား... အတွေးလေး ကောင်းလိုက်တာ။ HAPPY NEW YEAR ပါ ညီမရေ

သူ ဆိုတော့ ဒီက မျက်လုံးကြီး ပြူးပြီး ဖတ်နေတာ...
နောက်မှ G O O G L E တဲ့

I am not a girl ဆိုတော့ အမဇွန်ပေါ့နော် ခြေရာခံပြီး စာတွေလာဖတ်ပါတယ် အမသဘောကျတဲ့ နာမည်လေးမို့ ဖိတ်ခေါ်ပါတယ် http://www.zonma.co.cc ကိုအချိန်ရရင် အလည်လာခဲ့နော်

အယ်..မသီတာ အံ့သြသွားတယ်ပေါ့။ :D

အလည်လာပါအုံးမယ် ဇွန်မရေ။

စာအဟောင်းတွေ လိုက်ဖတ်နေလို့ ကျေးဇူးပါဗျာ

ဆက်ရေးမယ့် ကမ်းခြေခရီးစဉ်ကို ကျနော် မရေးဖြစ်သေးဘူုးဗျာ ရေးဖြစ်ရင်လည်း အဲ့ဒီနေရာမှာပဲ ဖြည့်သွားမှာပါ။

သနပ်ခါး လိမ်းပြီး ရုံးတက်တုန်းဆိုလို့ ဝမ်းသာသွားမိတယ်။

ပျော်ရွှင်ပါစေခင်ဗျာ

အမရေ

စာတွေတော့ မဖတ်မားသေးလို့
မဖတ်ရသေးဘူးဗျာ။
ဖြစ်နိုင်ရင် စီပုံးလေး ထားစေချင်ပါတယ်။

မင်္ဂလာပါ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ အခုမှ ရောက်ဖူးပါတယ်။ ဘလော့ဂ် အသစ်ထင်တယ်။ သူဆိုလို့ အချစ်ဆုံးမိတ်ဆွေ (သို့) ချစ်သူ ခင်ပွန်း တယောက်ယောက်များလားလို့ ဖတ်လာလိုက်တာ အဆုံးရောက်မှ တည့်တည့်ရေးပြမှပဲ သိတော့တယ်။ C-Box မထားဘူးလား။ ကျွန်မဘလော့ဂ်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

Google ကတော့ ညီမအတွက်လည်း မရှိမဖြစ် အသဲစွဲပါပဲ အစ်မ ဇွန်မိုးစက်ရယ်း) အစ်မက တင်စားတတ်လိုက်တာ...

ထင်သားပဲ

G O O G L E..... လို့.....

;-))))))))))))

:D
တူလား :P

သိသားပဲ ဟီးဟီး

မိုးကတော့ ကွန်ပြူတာကို မွေးဖွားပေးတဲ့သူကို အရမ်းကိုကျေးဇူးတင်မိတာပါပဲ မမရေး

သာယာချမ်းမြေ့ပါစေရှင်း
မိုး